အမေးအဖြေများ အကူအညီ

ရွှေမြန်မာရဲ့ SMS သတင်းအချက်အလက် ၀န်ဆောင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • စိုက်ပျိုးရေးထွက်ကုန်များ ဈေးနှုန်း
  • ရွှေဈေးနှုန်း
  • နိုင်ငံခြားငွေလဲနှုန်းများ
  • ဘောလုံး
  • သတင်းများ (မကြာမီ ပေးမည့် ၀န်ဆောင်မှု)
  • စီးပွားရေးဗေဒင်၊ အဆိုအမိန့်များ အစရှိသည့် စိတ်ဝင်စားဖွယ်ရာများ (မကြာမီ ပေးမည့် ၀န်ဆောင်မှု)
ရွှေမြန်မာရဲ့ SMS သတင်းအချက်အလက် ၀န်ဆောင်မှုများကို နည်းလမ်း (၂) မျိုးဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။
ပထမနည်းအနေဖြင့် အသုံးပြုသူများအနေဖြင့် ဖုန်းနံပါတ် (၈၂၀၅) သို့ သတ်မှတ်ထားသည့် ၀န်ဆောင်မှုနှင့် သက်ဆိုင်သော အတိုကောက် စကားလုံးကို စာတို (SMS) ပေးပို့ရမည်ဖြစ်သည်။
ပေးပို့မှု အောင်မြင်ပါက ရွှေမြန်မာရဲ့ သတင်းအချက်အလက် ၀န်ဆောင်မှုများကို ရရှိနိုင်ပြီဖြစ်ကြောင်း အတည်ပြုသည့် စာတို လက်ခံရရှိပါမည်။
ထို့နောက် ရွှေမြန်မာရဲ့ ၀န်ဆောင်မှု အချိန်ဇယားအတိုင်း မိမိဝယ်ယူထားသည့် သတင်းအချက်အလက်များကို ရရှိသွားမည် ဖြစ်ပါသည်။
ရွှေမြန်မာရဲ့ SMS သတင်းအချက်အလက် ၀န်ဆောင်မှုများကို ရရှိနိုင်မည့် အခြား နည်းလမ်းတစ်ခုကတော့ ၀က်ဘ်ဆိုက်မှ ၀ယ်ယူခြင်းဖြစ်ပါသည်။
ရွှေမြန်မာ ၀က်ဘ်ဆိုက်မှာ www.shwemyanmar.com.mm ဖြစ်ပြီး ၀န်ဆောင်မှုများကို အသုံးပြုလိုသူများအနေဖြင့် မိမိဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။
မှတ်ပုံတင်ပြီး ၀န်ဆောင်မှုများ ၀ယ်ယူနိုင်ရန် အတွက် ရွှေမြန်မာမှ အတည်ပြုကုဒ်နံပါတ်ကို မှတ်ပုံတင်သွင်းသည့် ဖုန်းနံပါတ်သို့ ပြန်လည် ပေးပို့ပါမည်။ ပေးပို့လာသည့် ကုဒ်နံပါတ်ကို ၀က်ဘ်ဆိုက်တွင် ဖြည့်သွင်းပြီး “Subscribe” ခလုတ်ကို နှိပ်ပါ။ ထို့နောက် ရွှေမြန်မာရဲ့ ၀န်ဆောင်မှု အချိန်ဇယားအတိုင်း မိမိဝယ်ယူထားသည့် သတင်းအချက်အလက်များကို ရရှိသွားမည် ဖြစ်ပါသည်။
မိမိ ၀ယ်ယူထားသည့် ၀န်ဆောင်မှုကို ရပ်နားလိုပါက ဖုန်းနံပါတ် (၈၂၀၅) သို့ သတ်မှတ်ထားသည့် အတိုကောက် စကားလုံးကို စာတို (SMS) ပေးပို့ရမည်ဖြစ်ပါသည်။
SMS သတင်းအချက်အလက် ၀န်ဆောင်မှုများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရရှိနိုင်ပါသည်။
မြန်မာဘာသာအနေဖြင့် ဇော်ဂျီနှင့် ယူနီကုဒ် နှစ်မျိုးကို သီးခြားစီ ၀ယ်ယူရရှိနိုင်ပါသည်။
SMS သတင်းအချက်အလက် ၀န်ဆောင်မှုများကို လစဉ်ကြေးဖြင့် ကောက်ခံပါသည်။
များသောအားဖြင့် အင်္ဂလိပ်ဘာသာ သတင်းအချက်အလက် ၀န်ဆောင်မှုများကို တစ်လလျှင် ၁၀၀၀ ကျပ် ကောက်ခံပြီး မြန်မာဘာသာ သတင်းအချက်အလက် ၀န်ဆောင်မှုများကို တစ်လလျှင် ၁၅၀၀ ကျပ် ကောက်ခံပါသည်။
ခြွင်းချက်အနေဖြင့် ရွှေဈေးနှင့် နိုင်ငံခြား ငွေလဲနှုန်းများအတွက် မြန်မာဘာသာ ၀န်ဆောင်မှုကိုလည်း တစ်လလျှင် ၁၀၀၀ ကျပ်သာ ကောက်ခံမည် ဖြစ်ပါသည်။
ပြည်တွင်း ကုန်စည်ဒိုင်များနှင့် ဈေးကွက်များမှာ ဘုရင့်နောင် ကုန်စည်ဒိုင် (ရန်ကုန်)၊ မန္တလေး ကုန်စည်ဒိုင်၊ ဟင်္သတ ကုန်စည်ဒိုင်၊ ပြည် ကုန်စည်ဒိုင်၊ အောင်လံ ဈေးကွက်၊ မကွေး ကုန်စည်ဒိုင်၊ မုံရွာ ကုန်စည်ဒိုင်၊ ရွှေဘို ကုန်စည်ဒိုင်၊ မြင်းခြံ ကုန်စည်ဒိုင်၊ ပခုက္ကူ ကုန်စည်ဒိုင်၊ တောင်ကြီး ကုန်စည်ဒိုင်နှင့် ရွှေလီ ဈေးကွက်များတွင် အရောင်းအ၀ယ်ဖြစ်သော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ဈေးနှုန်းသတင်းအချက်အလက် ၀န်ဆောင်မှု ဖြစ်ပါသည်။ ဈေးနှုန်းအမျိုးအစားများမှာ ဈေးကွက်အလိုက် အလေးချိန် ကွဲပြားခြားနားမှု ရှိပါသည်။
ဥပမာ - ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ကျပ်/တန် အခြေခံဖြင့် အရောင်းအ၀ယ် ပြုလုပ်သော်လည်း မန္တလေး ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအ၀ယ် ပြုလုပ်ရာတွင် ကျပ်/ပိဿာ အခြေခံဖြင့် အရောင်းအ၀ယ် ပြုလုပ်ကြသည်။
ဈေးနှုန်းသတင်းအချက်အလက်များကို ၀ယ်ယူလိုပါက ကုန်စည်ဒိုင် သို့မဟုတ် ဈေးကွက်အလိုက် အရောင်းအ၀ယ်ဖြစ်သော ပဲမျိုးစုံ သို့မဟုတ် ဆီထွက်သီးနှံ ဈေးနှုန်းများကို သီးခြားစီ ၀ယ်ယူနိုင်ပါသည်။
ဥပမာ - ဘုရင်နောင် ကုန်စည်ဒိုင် (ရန်ကုန်) တွင် အရောင်းအ၀ယ်ဖြစ်သော ပဲမျိုးစုံ ဈေးနှုန်းများကို အင်္ဂလိပ်ဘာသာဖြင့် ၀ယ်ယူရရှိလိုပါက “PBYON” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
အကယ်၍ မြန်မာဘာသာ (ဇော်ဂျီ) ဖြင့် ရရှိလိုပါက “ZPBYON” ဟုလည်းကောင်း၊ မြန်မာဘာသာ (ယူနီကုဒ်) ဖြင့် ရရှိလိုပါက “UPBYON” ဟုလည်းကောင်း ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
ဈေးနှုန်း သတင်းများကို ရပ်နားလိုပါက အင်္ဂလိပ်ဘာသာ ၀န်ဆောင်မှုအတွက် “PBYOFF”၊ မြန်မာဘာသာ (ဇော်ဂျီ) အတွက် “ZPBYOFF”၊ မြန်မာဘာသာ (ယူနီကုဒ်) အတွက် “UPBYOFF” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရပါမည်။
လန်ဒန် ကမ္ဘာ့ရွှေဈေး၊ ရန်ကုန်နှင့် မန္တလေးမှ အကယ်ဒမီရွှေဈေးနှုန်းသတင်းများ ၀န်ဆောင်မှုဖြစ်ပါသည်။
လန်ဒန် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဒေါ်လာ/အောင်စဈေးဖြစ်ပြီး ပြည်တွင်း ရန်ကုန်နှင့် မန္တလေးမှ အကယ်ဒမီရွှေဈေးနှုန်းမှာ ကျပ်/ကျပ်သား ဈေးဖြစ်ပါသည်။
ဥပမာ - ရွှေဈေးနှုန်း သတင်းအချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ၀ယ်ယူလိုပါက “GLDON” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
အကယ်၍ မြန်မာဘာသာ(ဇော်ဂျီ) ဖြင့် ရရှိလိုပါက “ZGLDON” ဟုလည်း ကောင်း၊ မြန်မာဘာသာ(ယူနီကုဒ်) ဖြင့်ရရှိလိုပါက “UGLDON” ဟုလည်းကောင်း ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
ရွှေ ဈေးနှုန်းသတင်းများကို ရပ်နားလိုပါက အင်္ဂလိပ်ဘာသာ ၀န်ဆောင်မှုအတွက် “GLDOFF”၊ မြန်မာဘာသာ (ဇော်ဂျီ) အတွက် ““ZGLDOFF””၊ မြန်မာဘာသာ (ယူနီကုဒ်) အတွက် ““UGLDOFF”” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရပါမည်။
နိုင်ငံခြား ငွေလဲနှုန်း ၀န်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရည်ညွှန်းဈေးနှုန်းများ၊ ရန်ကုန်ဈေးကွက် ပြင်ပငွေလဲလှယ်သူများ၏ အမေရိကန် ဒေါ်လာငွေလဲနှုန်း၊ ပို့ကုန်ဝင်ငွေလဲနှုန်းများနှင့် နိုင်ငံတကာ ငွေကြေးများဖြစ်သည့် တရုတ်ယွမ်၊ အိန္ဒိယ ရူပီး၊ ဂျပန်ယန်း၊ မလေးရှား ရင်းဂစ်၊ ထိုင်းဘတ်နှင့် ဘင်္ဂလားဒေ့ရှ် တာကာ အစရှိသည့် ငွေလဲနှုန်းများ ပါဝင်သည်။
ထို့အပြင် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် ဘင်္ဂလားဒေ့ရှ် တာကာ မြန်မာနိုင်ငံ နယ်စပ် ငွေလဲနှုန်းများပါ ပါဝင်သည်။
ဥပမာ - အမေရိကန် ဒေါ်လာငွေလဲနှုန်းကို အင်္ဂလိပ်ဘာသာဖြင့် သိရှိလိုပါက “USDON” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
အကယ်၍ မြန်မာဘာသာ (ဇော်ဂျီ) ဖြင့် ရရှိလိုပါက “ZUSDON” ဟုလည်းကောင်း၊ မြန်မာဘာသာ (ယူနီကုဒ်) ဖြင့် ရရှိလိုပါက “UUSDON” ဟုလည်းကောင်း ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
ဈေးနှုန်း သတင်းများကို ရပ်နားလိုပါက အင်္ဂလိပ်ဘာသာ ၀န်ဆောင်မှုအတွက် “USDOFF”၊ မြန်မာဘာသာ (ဇော်ဂျီ) အတွက် “ZUSDOFF”၊ မြန်မာဘာသာ (ယူနီကုဒ်) အတွက် “UUSDOFF” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရပါမည်။
ဘောလုံး သတင်းအချက်အလက် ၀န်ဆောင်မှုမှ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စလီဂါ၊ စီးရီးအေ၊ ချန်ပီယံလိဂ်နှင့် ယူရိုလိဂ် ပွဲစဉ်များ၏ ခန့်မှန်းဂိုးရလဒ်များကို သိရှိနိုင်မည် ဖြစ်ပါသည်။
ဥပမာ - အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ်များ၏ ခန့်မှန်းဂိုးရလဒ်များကို အင်္ဂလိပ်ဘာသာဖြင့် သိရှိလိုပါက “EPLON” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
အကယ်၍ မြန်မာဘာသာ (ဇော်ဂျီ) ဖြင့် ရရှိလိုပါက “ZEPLON” ဟုလည်းကောင်း၊ မြန်မာဘာသာ (ယူနီကုဒ်) ဖြင့် ရရှိလိုပါက “UEPLON” ဟုလည်းကောင်း ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
ဈေးနှုန်း သတင်းများကို ရပ်နားလိုပါက အင်္ဂလိပ်ဘာသာ ၀န်ဆောင်မှုအတွက် “EPLOFF”၊ မြန်မာဘာသာ (ဇော်ဂျီ) အတွက် ““ZEPLOFF””၊ မြန်မာဘာသာ (ယူနီကုဒ်) အတွက် ““UEPLOFF”” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရပါမည်။
သတင်း ၀န်ဆောင်မှုမှ ပြည်တွင်း၊ ပြည်ပရှိ လတ်တလော သတင်းများ၊ စီးပွားရေး၊ နိုင်ငံရေး၊ ဈေးကွက်၊ ထူးခြားဆန်းကြယ် ဖြစ်စဉ်များ၊ ကျန်းမာရေးနှင့် နည်းပညာတို့နှင့် သက်ဆိုင်သော သတင်းများကို သိရှိနိုင်မည် ဖြစ်ပါသည်။
သတင်းဝန်ဆောင်မှုအနေဖြင့် ETM သတင်းဝန်ဆောင်မှုနှင့် Weekly Eleven သတင်းဝန်ဆောင်မှုဟူ၍ ရရှိနိုင်ပြီး မိမိကြိုက်နှစ်သက်သည့် သတင်းဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
ဥပမာ - သတင်းဝန်ဆောင်မှုကို အင်္ဂလိပ်ဘာသာဖြင့် သိရှိလိုပါက “NWRON” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။ အကယ်၍ မြန်မာဘာသာ (ဇော်ဂျီ) ဖြင့် ရရှိလိုပါက “ZNWRON” ဟုလည်းကောင်း၊ မြန်မာဘာသာ (ယူနီကုဒ်) ဖြင့် ရရှိလိုပါက “UNWRON” ဟုလည်းကောင်း ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရမည် ဖြစ်ပါသည်။
ဈေးနှုန်း သတင်းများကို ရပ်နားလိုပါက အင်္ဂလိပ်ဘာသာ ၀န်ဆောင်မှုအတွက် “NWROFF”၊ မြန်မာဘာသာ (ဇော်ဂျီ) အတွက် “ZNWROFF”၊ မြန်မာဘာသာ (ယူနီကုဒ်) အတွက် “UNWROFF” ဟု ဖုန်းနံပါတ် ၈၂၀၅ သို့ စာတို (SMS) ပေးပို့ရပါမည်။
စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းသတင်းအချက်အလက်များအနေဖြင့် - 
မန္တလေး ကုန်စည်ဒိုင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများအတွက် - တစ်နေ့ (၁) ကြိမ်
ပေးပို့ချိန် - နံနက် ၁၁း၀၀ - ၁၁း၁၅ နာရီ
ဘုရင်နောင် ကုန်စည်ဒိုင် (ရန်ကုန်) ပဲမျိုးစုံ ဈေးနှုန်းများအတွက် - တစ်နေ့ (၂) ကြိမ်
ပထမအကြိမ် - နေ့လည် ၁၂း၄၅ နာရီ
ဒုတိယအကြိမ် - မွန်းလွဲ ၂း၄၅ နာရီ
အခြားကုန်စည်ဒိုင်များ (သို့) ဈေးကွက်များမှ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအတွက် - တစ်နေ့ (၁) ကြိမ်
ပေးပို့ချိန် -  မွန်းလွဲ ၂း၄၅ နာရီ
==================================================================
ရွှေဈေးနှုန်း သတင်းအချက်အလက် ၀န်ဆောင်မှု - တစ်နေ့ (၂) ကြိမ်
ပထမအကြိမ် - နေ့လည် ၁၂း၄၅ နာရီ
ဒုတိယအကြိမ် - မွန်းလွဲ ၂း၄၅ နာရီ
=================================================================
 နိုင်ငံခြား ငွေလဲနှုန်း သတင်းအလက် ၀န်ဆောင်မှု - တစ်နေ့ (၂) ကြိမ်
ပထမအကြိမ် - နေ့လည် ၁၂း၄၅ နာရီ
ဒုတိယအကြိမ် - မွန်းလွဲ ၂း၄၅ နာရီ
=============================================================== 

ဘောလုံး သတင်းအချက်အလက် ၀န်ဆောင်မှု - ပွဲစဉ်များအပေါ် မူတည်ပြီး ပေးပို့ပါမည်။
SMS ပေးပို့ချိန် - ညနေ ၄း၃၀ နာရီ
================================================================= 
သတင်း ၀န်ဆောင်မှု  - တစ်နေ့ (၂) ကြိမ် (မကြာမီပေးမည့် ၀န်ဆောင်မှု)
ETM သတင်း ၀န်ဆောင်မှု 	- ပထမအကြိမ် - မနက် ၈း၀၀ - ၈း၃၀ နာရီ
			- ဒုတိယအကြိမ် - မွန်းလွဲ ၂း၄၅ -  နာရီ
Weekly Eleven သတင်း ၀န်ဆောင်မှု - ပထမအကြိမ် - ညနေ ၄း၀၀ နာရီ 
				  - ဒုတိယအကြိမ် - ည ၉း၀၀ နာရီ
==================================================================
  
SMS သတင်းအချက်အလက် ၀န်ဆောင်မှုများ ၀ယ်ယူရန် မှတ်ပုံတင်ပြီးသော်လည်း အတည်ပြုကုဒ်နံပါတ် မရရှိခြင်းမှာ မှတ်ပုံ တင်သူ၏ဖုန်းသည် မှတ်ပုံတင်ချိန်တွင် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေလျှင်သော်လည်းကောင်း၊ ဖုန်းဆက်သွယ်မှု လိုင်းများ မအားလပ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်း မအောင်မြင်နိုင်ပါ။ သို့ဖြစ်၍ မှတ်ပုံတင်ပြီး အတည်ပြုကုဒ် မရရှိသေးပါက နောက် ၁၀ မိနစ်ကြာလျှင် ထပ်မံတောင်းဆိုရပါမည်။
SMS သတင်းအချက်အလက် ၀န်ဆောင်မှုများ ၀ယ်ယူရန် မှတ်ပုံတင် အောင်မြင်ပြီးသော်လည်း SMS ၀န်ဆောင်မှုများ မရရှိ ခြင်းမှာ ရွှေမြန်မာ၏ SMS ၀န်ဆောင်မှုများ ပေးပို့ချိန် သတ်မှတ်ချက်ရှိပါသည်။
အကယ်၍ ၀န်ဆောင်မှု ၀ယ်ယူသူများ အနေ ဖြင့် ပေးပို့ချိန် ကျော်လွန်မှ ၀ယ်ယူပါက အဆိုပါနေ့အတွက် SMS ၀န်ဆောင်မှုများ မရရှိနိုင်သေးပါ။ ၀ယ်ယူပြီး နောက်တစ်နေ့မှ သာ SMS ၀န်ဆောင်မှုများ ရရှိနိုင်ပါလိမ့်မည်။ SMS ၀န်ဆောင်မှုများ ပေးပို့သည့် အချိန်ဇယားကို www.shwemyanmar.com.mm တွင် ကြည့်ရှုနိုင်ပါသည်။
ဝယ်ယူပြီးဝန်ဆောင်မှုကို ရပ်နားလိုပါက သတ်မှတ်ထားသည့် အတိုကောက် စကားလုံးကို ဖုန်းနံပါတ် (၈၂၀၅) သို့ စာတို (SMS) ပေးပို့ပြီး ရပ်နားနိုင်ပါသည်။
သို့သော် SMS သတင်းအချက်အလက် ၀န်ဆောင်မှုများကို ၀ယ်ယူပြီးပါက အဆိုပါ ၀န်ဆောင်မှုအတွက် လစဉ်ကြေး ကောက်ခံပြီး ဖြစ်သဖြင့် တစ်လမပြည့်မီ (ရက် ၃၀ မပြည့်မီ) အချိန်အတွင်း SMS သတင်းအချက်အလက် ၀န်ဆောင်မှုများ ရရှိနေမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုအတွက် ငွေပြန်အမ်းပေးမည်မဟုတ်ပါ။